Main menu

ချောက်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြရိပ်ညိုခန်းမ၌ (၂၂.၆.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား ကျောင်း အခြေပြုအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          မြို့နယ်ပညာရေးမှူးက စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းကိုလည်းကောင်း၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးရန်မသင့်သော အစားအစာများအကြောင်းနှင့် အာဟာရ ပြည့်ဝပြီးကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကိုသာရောင်းချရေး အကြောင်းကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက ကျောင်းတွင်း သဘာ ဝဘေးလျော့ချနိုင်ရန် ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံများနှင့် ကျောင်းဘေးန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းခြင်း၊ သဘာဝဘေးဖြစ်ပေါ်လျှင် အချိန်မီဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ရမည့်အချက်များနှင့်ဆောင်ရန်၊ ရှောင်ရန်များကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဦးစီးအရာရှိက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန၊ ဦးစီးအရာရှိက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်နိုင်စေရန် အမှိုက်အမျိုးအစား စနစ်တကျခွဲခြားစွန့်ပစ်ရေးနှင့် အမှိုက်ပုံးအရောင်သတ်မှတ်ခြင်းတို့ကိုလည်းကောင်း အသီးသီးရှင်းလင်း ဟောပြောခဲ့ကြောင်း သိရသည်။

DOCA(မကွေး)