
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ် ဂုံမင်းမြောင် ကျေးရွာ၌ (၁၈.၆.၂၀၂၅) ၇က်နေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ခရိုင်အသေးစား စက်မှုလက်မှု ဦးစီးဌာနမှ ကျင်းပပြုလုပ်သော ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်း အခြေခံစက်ချုပ် နည်းပညာသင် တန်းဖွင့်ပွဲ အခမ်းအနား၌ သင်တန်းသူ(၅၅)ဦးအား သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးသန်းစိုးမှစားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများအသိပညာပေးဆွေးနွေးဟော ပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးသန်းစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များရှိပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ခရိုင်ဦးစီးမှူးရုံး များတွင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာများ ဖွင့်လှစ်ထားရှိပါကြောင်း စားသုံးသူများသည် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင်နစ်နာမှုများရှိပါကတိုင်ကြားနိုင်ကြောင်း၊စားသုံးသူသတင်းပြန်ကြားရေးနှင့်လက်ခံ ဆောင်ရေးစင်တာ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် နှင့် လုပ် ငန်းတာဝန်များ၊ စားသုံးသူ အကျိုး စီးပွား ထိခိုက်နစ်နာမှုအနေဖြင့် ငွေကြေးပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက် နစ်နာမှု၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက် နစ်နာမှုများ ရှိပါက တိုင်ကြား နိုင်ပါကြောင်း၊ တိုင်ကြားနိုင်သည့် နည်းလမ်းများမှာ ဦးစီးမှူးရုံး သို့ဖြစ်စေ သက်ဆိုင်ရာ C I C C ရုံးများ သို့ဖြစ်စေ လာရောက် တိုင်ကြားနိုင်ခြင်း၊ ဖုန်းဖြင့်တိုင်ကြားနိုင်ခြင်း၊ www.doca.gov.mm တွင် တိုင်ကြားနိုင်ခြင်း၊ စားသုံးသူရေးရာ ဦးစီး ဌာနနှင့် CICC နှင့် Facebook Page တို့တွင် တိုင်ကြားနိုင်ခြင်း၊ စားသုံးသူရေး ရာ အရပ်ဖက် အဖွဲ့အစည်းများမှ တစ်ဆင့် တိုင်ကြား နိုင်ခြင်း၊ Call Center 1535 သို့တိုင်ကြား နိုင်ပါကြောင်း အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)