Main menu

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၄.၆.၂၀၂၅)ရက် နေ့ နံနက်(၉:၁၅)နာရီအချိန်တွင် အမှတ်(၈၆/၉၃)၊ ဇေကမ္ဘာ (၇/၈)လမ်း၊ မင်္ဂလာဒုံစက်မှုဇုန်ရှိ Popy အမည်ဖြင့် ထုတ်လုပ်လျက်ရှိသော လုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

   ထိုသို့ဆွေးနွေးခဲ့ရာတွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဉီး၊ ဉီးစီးမှူးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၈) ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်မရောက်မီပြည့်စုံစွာဖော်ပြပေးရမည်ဖြစ် ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ လိုက်နာမှုမရှိပါက ပြစ်မှုပြစ်ဒဏ်များ အကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး စက်ရုံတာဝန်ခံနှင့်အတူ ဝန်ထမ်း(၈)ဉီးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)