
စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ (အကြီးတန်းစာရေး) နှင့် ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင် ၊ တာမွေမြို့နယ် ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ နှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ နေ့စဉ် ဆောင်ရွက်လျှက်ရှိရာ (၂၃.၆.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် သင်္ဃန်းကျွန်း ခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ဆန်လက်လီရောင်းချနေသော ကျောက်မြောင်းကြီးရပ်ကွက်၊ သီတာလမ်း၊ အမှတ်(၁၅)ရှိ ရွှေပေါ်ဆန်း ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် ရက်(၉၀) ၊ပေါ်ဆန်းမွှေး (ဟောင်း) ၊ ဇီယာ ၊အညာသား(ရှယ်)၊ရွှေဘိုကျားပျံ ၊ ဆင်းသွယ် (ဟောင်း) ၊ တောင်ပျံ စသည့်ဆန်များ ရောင်းချလျက်ရှိပြီး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး ဆန်များကို ဈေးနှုန်းအဆမတန် ရောင်းချမှု မရှိ စေရေးနှင့် ရောင်းချခြင်းကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)