
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဒေါပုံမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့် သောက်ကော်ဖီမစ်ထုတ်များတွင် ကုန်အညွှန်းအမှတ်အသားများမြန်မာဘာသာဖြင့် ပြည့်စုံစွာ ရေးသား ဖော်ပြထားခြင်း ရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်သောက်ကော်ဖီမစ်ထုတ်များ ဖြစ်သော One Twa, Milk Boy, Platinum, Sunday စသည့် အမှတ်တံဆိပ်များတွင် အမျိုး အမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့် ဖော်ပြချက်စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ယခုလို ဈေးကွက်စောင့်ကြည့်စစ်ဆေး ရခြင်းဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)