
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်း နိုင်(ဒု-ကြီးကြပ်ရေးမှူး)နှင့်ဝန်ထမ်းများသည် ၂၃-၆-၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီ အချိန်တွင် မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းမပေါ်ရှိ Capital Super Market ရှိ တာဝန်ခံများနှင့် တွေ့ဆုံ၍ Market အတွင်း ရောင်းချလျက်ရှိသော ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်း ရှိ/ မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များအား မြန်မာဘာသာဖြင့်ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး ကလေးကစားစရာအရုပ်များတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် ကြိုတင် သတိပေးချက်များကို မဖြစ်မနေရေးသားဖော်ပြရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)