Main menu

ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်း အမှတ်အသားများပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်း

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း (ကြီး/ရေး)နှင့်ဝန်ထမ်းများသည် ၂၄-၆-၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ Orange ရှိ တာဝန်ခံများနှင့် တွေ့ဆုံ၍ ကလေးကစားစရာအရုပ်များတွင်  ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်း ရှိ/ မရှိ အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကလေးကစားစရာအရုပ်များဖြစ်သော Lego (Set the Piece of toy)၊ Fishing toy၊ Robot Card၊ Water gun စသည့် ကစားစရာများတွင် အမျိုး အမည်၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ စသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည်ကို  စစ်ဆေးတွေ့ရှိရပြီး ကလေးကစားစရာ အရုပ် များတွင်  ဘေးအန္တရာယ်ကင်းရှင်းစေရန် ကြိုတင်သတိပေးချက်များကို မဖြစ်မနေ ရေးသား ဖော်ပြရမှာဖြစ်ကြောင်းနှင့် ကလေးများ ထိခိုက်မှုမရှိစေရန်အတွက် ယခုလို ဈေးကွက်စောင့် ကြည့် စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)