
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးအနေဖြင့်၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားတက်တရော ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၃.၆.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ညောင်လေးပင်မြို့၊ မြို့မ(၂) ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေး (၈) ချက်အကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့်အတူ ညောင်လေးပင်မြို့၊ မြို့မ(၂)ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ် ရေးဥပဒေပါအချက်အလက်များ အကြောင်းကို ဟောပြောရှင်းပြခဲ့ပါသည်။ မြို့နယ်တာဝန်ခံက စား သုံးသူကာကွယ်ရေး ဥပဒေပါအချက်အလက်များအကြောင်း၊ စားသုံးသူအခွင့်အရေး(၈)ချက် အကြောင်း၊ လတ်တလော လူငယ်လူရွယ်များအကြားတွင် ရေပန်းစားနေသည့် Vape ၏ ဆိုးကျိုးများအကြောင်းကိုလည်း အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ပဲခူး)