
ဗီယက်နမ်နိုင်ငံဒုတိယဝန်ကြီးချုပ် Nguyen Hoa Binh က အဓိကအခြေခံအဆောက်အအုံ များနှင့်ချိတ်ဆက်မည့် Da Nang လွတ်လပ်သောကုန်သွယ်ရေးဇုန် (FTZ) တည်ထောင်မည့် ဆုံးဖြတ်ချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဗဟိုကမ်းရိုးတန်းမြို့တော်အတွက် ဖွံ့ဖြိုးတိုးတက်မှုအခွင့် အလမ်းများကို တံခါးဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရပါသည်။ ဆုံးဖြတ်ချက်အရ ထိုဇုန်သည် ၁၈၈၁ ဟတ်တာကျယ်ဝန်းမည်ဖြစ်ပြီး ကုန်ထုတ်လုပ်ခြင်း၊ ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ်နည်းပညာလုပ်ငန်း၊ သတင်းအချက်အလက်နည်းပညာနှင့် ဆန်းသစ် တီထွင်မှုတို့အတွက် ဧရိယာများဖြင့် ဖွဲ့စည်းမည်ဟု သိရပါသည်။ ဇုန်ကို ကုန်ထုတ်လုပ်ခြင်း၊ ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် အရည်အသွေးမြင့်နည်းပညာနှင့် ဝန်ဆောင်မှုများ အတွက်ခေတ်မီပြီး ဘက်ပေါင်းစုံအခြေခံအဆောက်အအုံအဖြစ်တည်ထောင်မည်ဖြစ်ကာ ဒေသ တွင်းအဆင့် စီးပွားရေးအချက်အချာနှင့် ဗဟိုဒေသနှင့် နိုင်ငံအတွက် ဗျူဟာမြောက်ကြီးထွားမှု စွမ်းအားတစ်ခုဖြစ်လာရန်ရည်ရွယ်ကြောင်း သိရပါသည်။ ရေရှည်ရည်မှန်းချက်မှာ ဇုန်အား ကမ္ဘာလုံးဆိုင်ရာနှင့် အာရှ-ပစိဖိတ်ထောက်ပံ့မှုကွင်းဆက်တွင် အရေးပါသော အချိတ်အဆက် ဖြစ်လာရန်ဖြစ်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဇုန်ကို မြို့တော်တွင်အခြေစိုက်သည့် နိုင်ငံတကာဘဏ္ဍာရေးစင်တာနှင့်ချိတ်ဆက်မည်ဖြစ်ပြီး ခေတ်မီစံပြ ယှဉ်ပြိုင်နိုင်စွမ်းမြင့်သော စီးပွားရေးဂေဟစနစ်အဖြစ် ဖွဲ့စည်းမည်ဟု သိရှိရပါသည်။
Vietnam Plus DOCA (ရန်ကုန်)