
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း စားသုံးသူများအနေဖြင့် အစားအသောက်များ ဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ၂၀.၆.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)ဦးဆောင်၍ စည်ပင်သာယာရေးအဖွဲ့များပူးပေါင်းကာ မြစ်ကြီးနားမြို့ရှိ စည်ပင်သာယာဈေးနှင့် ရပ်ကွက်များရှိ လက်လီလက်ကား
ကုန်စုံဆိုင်/ စတိုးဆိုင် (၇)ဆိုင်အား “Signal” အမှတ်တံဆိပ်သွားတိုက်ဆေး Signal Cavity Fighter Toothpaste 150g နှင့်စပ်လျဉ်း၍ ဈေးကွက်အတွင်း ကုန်စည်အတုများ ရောင်းချနေခြင်း ရှိမရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် လက်လီလက်ကားကုန်စုံဆိုင်/ စတိုးဆိုင်များအနေဖြင့်“Signal” အမှတ်တံဆိပ်သွားတိုက်ဆေးများအား ကုမ္ပဏီမှတဆင့် ဝယ်ယူရောင်းချလျက်ရှိပြီး ပြင်ပမှဝယ်ယူရောင်းချမှုမရှိကြောင်း၊လက်ရှိအချိန်တွင် လမ်းခရီးအခက်အခဲကြောင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုများရှိနေကြောင်းနှင့်ကုန်စည်အတုများလည်းရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး လက်လီလက်ကားကုန်စုံဆိုင်/ စတိုးဆိုင်ပိုင်ရှင်များအား ရောင်းချသည့်ကုန်ပစ္စည်းများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ပြည့်စုံမှုရှိပြီး တရားဝင်မှတ်ပုံတင်ပြီး ဖြန့်ဖြူးတင်သွင်းလာသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချရန် အသိပညာပေးဆွေးနွေး ခဲ့ပါသည်။
DOCA(ကချင်)