Main menu

မြိတ်မြို့သို့ရောက်ရှိလာသော ဆန်လှေများအားကွင်းဆင်းစစ်ဆေး

Powered by Drupal

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းစားသုံးရန်အတွက် ဧရာဝတီတိုင်မှ ဆန်များအဓိက ဝင်ရောက်လျက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့တွင် ဧရာဝတီတိုင်း၊ ဒေဒရဲမြို့နယ်မှ ဆန် တန်(၃၅၀)နှင့် ဆန်တန်(၁၅၀) သည် Mv-စန္ဒီ(၁) ရေယာဉ်နှင့် Mv -ပြည့်ဖြိုးအောင်(၉)ရေယာဉ် ဖြင့် ရောက်ရှိကြောင်းသိရှိရပါသည်။ ထိုအပြင် ကျိုက်လတ်မြို့နယ်မှ ဆန်တန်(၄၇၅)နှင့် မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်တန်(၄၅၀)တို့သည် Mv- မြမြမွန်ရေယာဉ်နှင့် Mv-ဓနရွှေလမင်း ရေယာဉ်တို့ဖြင့် မြိတ်မြို့သို့ ရောက်ရှိလာကြောင်းသိရှိရပါသည်။
ရောက်ရှိလာသောရေယာဉ်များအား မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအပါအဝင်၊ ကုန် သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာန နှင့် ခရိုင်ရဲ စသော ဌာနဆိုင်ရာများဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)