Main menu

တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများရှိ ဌာနခွဲများအလိုက် အလှည့်ကျရုံးလုပ်ငန်း(Online) တွေ့ဆုံဆွေးနွေးပွဲအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများတက်ရောက်

Powered by Drupal

       ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့၊ နေ့လယ် ၁၄း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဌာနခွဲများအလိုက် အလှည့်ကျရုံးလုပ်ငန်း(Online) တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ Zoom Meeting ဖြင့် တက်ရောက်ခဲ့ပါသည်။

       အဆိုပါ ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများရှိ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲ၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ တာဝန်ခံများနှင့်ဝန်ထမ်းများမှ မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြခြင်းနှင့် သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချူပ်အမှာစကားပြောကြားခဲ့ကာ တွေ့ဆုံဆွေးနွေးပွဲအား ညနေ (၁၇း၂၀)နာရီအချိန်တွင်  ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)