Main menu

သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့်စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်မှုဆိုင်ရာ အသိပညာပေးသရုပ်ပြခြင်း အခမ်းအနားကျင်းပပြုလုပ်

Powered by Drupal

    ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် စွန့်ပစ်ပစ္စည်းများစနစ်တကျခွဲခြားစွန့်ပစ်မှုဆိုင်ရာ အသိပညာပေး သရုပ်ပြခြင်းအခမ်းအနားကို (၁၆.၆.၂၀၂၅)ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

    အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာများမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပြည်သူများ စုစုပေါင်း(၅၀၀)ခန့် တက်ရောက်ခဲ့ပါတယ်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမင်းသိန်းက စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း၊ ရှမ်းပြည်စည်ပင်သာယာရေးဌာနမှ ညွှန်ကြား ရေးမှူး ဦးစိုင်းထွန်းထွန်းက အမှိုက်များခွဲခြားစွန့်ပစ်နိုင်ရေး သိကောင်းစရာများကို လည်းကောင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် စွန့်ပစ်ပစ္စည်းများစနစ်တကျခွဲခြားစွန့်ပစ်မှုဆိုင်ရာ Video Click များဖြင့်လည်းကောင်း အသီးသီးဟောပြောဆွေးနွေးပြသခဲ့ပါတယ်။ တောင်ကြီးမြို့တွင် (၁၇.၆.၂၀၂၅)ရက်နေ့မှစ၍ အများပြည်သူများ လာရောက်အပန်းဖြေမှုများသော လူစည်ကားရာနေရာများ၊ ပန်းခြံများတွင် အမှိုက်ပုံး(၄)ပုံးထားရှိ၍ အမှိုက်များခွဲခြားစွန့်ပစ်မှု အခြေအနေများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သိရှိရပါတယ်။

DOCA(ရှမ်း)