Main menu

ရွှေပုစွန်(၂)ဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၉.၆.၂၀၂၅)ရက်နေ့ နံနက်(၁၁:၄၅)နာရီအချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ဆန်ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

            အမှတ် ၃၇၅ (က/ခ)၊ သခင်မြလမ်း၊ (၁၃)ရပ်ကွက်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ရွှေပုစွန်(၂)ဆန်ဆိုင်သို့ သွားရောက်၍ ဆန်ဆိုင်မှ ရောင်းချနေသော ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီ ပေါ်ဆန်း၊ ဧည့်မထ၊ ရက်(၉၀)၊ မနောသုခဆန်များသည် စားသုံးသူရေးရာဉီးစီးဌာနမှ သတ်မှတ်ထုတ် ပြန်ထားသော ဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆန်ဈေးနှုန်းများမြှင့်တင်ရောင်းချ ခြင်းမပြုရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင် ဉီးမောင်ကျော်အား အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 

                                                                                                         DOCA (ရန်ကုန်)