Main menu

ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချမှု မရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေး ဆောင်ရွက်ခြင်း

Powered by Drupal

               (၁၉.၆.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အမှတ်(၃) ဘုရင့်နောင်လမ်းမကြီး၊ (၁၀)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်ရှိ ကောင်းကောင်းဆန်ဆိုင်သို့ သွားရောက်၍ ဆန်ရောင်းချမှု အခြေအနေအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ထုတ်ပြန် ထားသော ဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/ မရှိ စစ်ဆေးပြီး ဈေးကစားရန်အလို့ငှာ ဆန်များကို သိုလှောင်ထား ခြင်း မပြုရန်နှင့် ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ပြီး ထိုသို့ပြုလုပ်သည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)