
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)၏ လမ်းညွှန်မှုဖြင့် မွန်ပြည်နယ်ဦးစီးမှူးရုံးတွင် ပြည်နယ်ဦးစီးမှူး ဦးတင်အောင်ကျော်၊ ဒုပြည်နယ်ဦးစီးမှူး၊ ဦးစီးအရာရှိများ၊ ဦးစီးမှူးများ၊ ဒုဦးစီးမှူးများ၊ အကြီးတန်းစာရေးများ၊ အငယ်တန်းစာရေးများသည် အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့ နံနက်ပိုင်းများတွင် နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန် (၆)ချက်ရွတ်ဆိုကာ နိုင်ငံတော်အလံအား အလေးပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)၏ လမ်းညွှန်မှု၊ ပြည်နယ်ဦးစီးမှူးရုံး၏ ကြီးကြပ်မှုတို့ဖြင့် မွန်ပြည်နယ်အတွင်းရှိ ခရိုင်များဖြစ်သော ကျိုက်ထိုခရိုင်၊ သထုံခရိုင်တို့မှ ခရိုင်ဦးစီးမှူးများနှင့် ဝန်ထမ်းများသည်လည်း အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ နံနက်ပိုင်း များတွင် နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန် (၆)ချက် ရွတ်ဆိုကာ နိုင်ငံတော်အလံကို အလေးပြုလျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA (မွန်)