
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေး၊ ရုံးအုပ်နှင့်အတူ အဖွဲ့စုံဖြင့် ရပ်ကွက်အတွင်းရှိ စားအုန်းဆီလက်လီရောင်းချနေသော ကုန်စုံဆိုင်သို့ (၁၉.၆.၂၀၂၅)ရက်နေ့ ညနေ(၀၃:၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် ဦးဝင်းအောင်ကုန်စုံဆိုင်မှ မိမိသည် Lwin Maung Maung Co.,Ltd မှ ရရှိပြီး လက်ကားကိုယ်စားလှယ်မှ ဝယ်ယူရသော ဈေးနှုန်းအပေါ် ၂% အမြတ်တင်၍ ရောင်းချပါကြောင်း၊ လက်ကျန်လည်းမထားရှိပါကြောင်း၊ ရပ်ကွက်အလိုက်လည်း နေ့စဉ်ပုံမှန် လာရောက်ထုတ် ယူကြပါကြောင်းနှင့် မိမိတို့ဌာနမှလည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ထားခြင်းများရှိခဲ့လျှင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)