Main menu

မနီနီမာစားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           (၁၉.၆.၂၀၂၅)ရက်နေ့ နေ့လယ် (၀၂:၅၀) နာရီအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ပိတောက်မြိုင်ဈေးအတွင်း စားအုန်းဆီလက်လီရောင်းချနေခြင်းနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးပါ(၄)ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုစုံစမ်းရေးမှူး ဦးပိုင်သူတို့ပါဝင်လျက် ဈေးအတွင်းရောင်းချနေသော မနီနီမာစားအုန်းဆီအရောင်းဆိုင်တွင် စာအုပ်စနစ်ဖြင့် အိမ်ထောင်စု တစ်စုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် တစ်လကို (၂)ပိဿာရရှိကြပြီး နေ့စဉ်ရပ်ကွက်အလိုက် ရောင်းပေးပါကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်းမရှိဘဲ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးပါကြောင်း၊ လက်ကျန်လည်းမထားရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)