
၂၁.၆.၂၀၂၅ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ Tanjung Pelepas ဆိပ်ကမ်းမှ ၁၅.၆.၂၀၂၅ ရက်နေ့တွင် ထွက်ခွာလာသော N.T.L MARINE CO.LTD ကုမ္မဏီပိုင် SRI NATHAWEE အမည်ရှိ စက်သုံးဆီတင်သင်္ဘောသည် စက်သုံးဆီများတင်ဆောင်ကာ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာ၊ ရာဇာမင်းရေနက်ဆိပ်ကမ်းရှိ စက်သုံးဆီများ သိုလှောင်ကန်အတွင်း သိုလှောင်ထားရှိရန် ဆိုက်ကပ်လာခဲ့ကြောင်း၊ အဆိုပါ စက်သုံးဆီတင် သင်္ဘောဆိုက်ကပ်လာရာသို့ ပြည်နယ် ရေကြောင်းရဲတပ်ဖွဲ့၊ မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်အကောက်ခွန်ဦးစီးဌာန၊ ပြည်နယ်ရေနံ ထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ မုဒုံ မြို့နယ်ရဲတပ်ဖွဲ့၊ မုဒုံမြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့စု(မုဒုံ)၊ မြို့နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန တို့ပါဝင်သော ပူပေါင်းအဖွဲ့မှ ဆီတင်သင်္ဘောအား စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
DOCA (မွန်)