
(၁၉.၆.၂၀၂၅)ရက်နေ့ နံနက်(၁၂:၃၀) နာရီအချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဦးစီးမှူးပါ(၄)ဦး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုစုံစမ်းစစ်ဆေးရေးမှူး ဦးပိုင်သူတို့ပူးပေါင်းပါဝင်လျက် အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးအတွင်းရှိ စားအုန်းဆီလက်လီအရောင်း ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် အမှတ်(၆၁)၊ လှိုင်မြစ်လမ်းရှိ ဉီးချစ်အေး ကုန်စုံဆိုင်မှ စားအုန်းဆီ လက်လီရောင်းချရာတွင် မိမိရရှိသောခွဲတမ်းကို အကြော်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များသို့ သတ်မှတ်ထားသော ခွဲတမ်းအလိုက် ပေးရပါကြောင်း၊ ရောင်းချသောဈေးနှုန်းမှာလည်း သတ်မှတ် ရည်ညွှန်းဈေးထက် ၂% အမြတ်သာတင်ရောင်းပါကြောင်း၊ နေ့စဉ်ရပ်ကွက်အလိုက်ပေးရပါကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်း မရှိပါကြောင်း၊ လက်ကျန်များလည်း မထားရှိပါကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)