
(၁၉.၆.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မြို့မဈေးအတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းဆိုင်များတွင် ယခင်အပတ်နှင့် ယခုအပတ်ဈေးနှုန်းကွာခြားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့မဈေးမှ ဈေးတာဝန်ခံပါ ပူးပေါင်းပါဝင်လျက် ဆေးအရောင်းဆိုင် ပေါင်း(၅)ဆိုင်တွင် ရောင်းချနေသော အဖျားပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ နှာဆေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အရောင်ကျဆေး၊ သွေးကျဲဆေး၊ အစာအိမ်ဆေး၊ အကိုက်အခဲပျောက်ဆေးတို့၏ ဈေးနှုန်းတို့မှာ ယခင်အပတ်ထက် ယခုအပတ်မှာ ဈေးနှုန်းကွာခြားမှုမရှိကြောင်း ယခုကာလသည် တုတ်ကွေးရာသီဖြစ်သောကြောင့် ဆေးများအရောင်းသွက်ပါကြောင်း၊ ဝယ်ယူရာတွင်လည်း အဆင်ပြေစေရန် ဆောင်ရွက်ပေးပါကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)