Main menu

“ကော့မှူးမြို့နယ်၌ယူရီးယားဓာတ်မြေဩဇာအိတ်များအား တောင်သူများထံသို့ဖြန့်ဖြူးပေး ”

Powered by Drupal

              ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ယူရီးယား ဓာတ်မြေဩဇာ အိတ်များအား ကျေးရွာများအရောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မိုးစပါး(Seeder)စနစ်ဖြင့် စိုက်ပျိုးထားသည့် တောင်သူများထံသို့ ဇွန်လ(၁၈)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဖြန့်ဖြူးပေးခဲ့ကြောင်း သိရှိရသည်။

             ထိုသို့ ယူရီးယား ဓာတ်မြေဩဇာအိတ်များ ကျေးရွာရှိ တောင်သူများထံ ပေးအပ်ခဲ့ရာတွင် မြို့နယ်ယူရီးယား ဓာတ်မြေဩဇာဖြန့်ဖြူးရေး ကော်မတီကြီးကြပ်ရေးအဖွဲ့(၁)မှ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဌာနဆိုင်ရာတာ ဝန်ရှိသူများသည် ခရိုက္ခနိကျေးရွာ၊ ကမာကနီကျေးရွာ၊ သခွတ်ပင်ကျေးရွာများရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍရေးနှစ်၊ မိုးစပါး (Seeder)စနစ်ဖြင့် စိုက်ပျိုးထားသော ကျေးရွာများရှိ တောင်သူများ၏ စိုက်ပျိုးထားသော လယ်ယာမြေများအား အချိန်မှီ အသုံးပြုနိုင်ရေးအတွက် ကျေးရွာများအရောက် တောင်သူများထံသို့ ဖြန့်ဖြူးပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)