
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၇) ရက်နေ့ ၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ မြို့မဈေးအတွင်းရှိ စားသုံးဆီ (ဘူးသွင်း) ဆီအမျိုးမျိုး ရောင်းချသည့် ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးအတွင်းရှိ ရောင်းချနေသည့် ဘူးသွင်းဆီများ ဖြစ်သော အမေထွားမြေပဲဆီ၊ ဘဲလေးမြေပဲဆီ၊ Lotus ဟင်းသီးဟင်းရွက်ဆီဘူးများတွင် FDA ထောက်ခံချက် အမှတ်များနှင့် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)