Main menu

(မင်းသစ္စာ)ဆန်ဆိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲ စာရေး) နှင့် ဝန်ထမ်းများ၊  မြို့နယ်ဆန်စပါးအသင်း စသည့် ပူးပေါင်းအဖွဲ့တို့သည် (၁၇-၆-၂၀၂၅) ရက်နေ့ ၊  နံနက် (၁၁:၀၀) နာရီအချိန်တွင် အမှတ်(၂၈)၊ မန္တလေးလမ်း ၊ ကန်တောင် ရပ်ကွက်ရှိ ဆိုင်ရှင် ဦးဇော်မင်းအောင်(မင်းသစ္စာ) ဆန်ဆိုင်အား သွားရောက်၍ ဆန်ရောင်းချမှု အခြေအနေများ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးသိန်းထွန်းက ဆိုင်အတွင်း ရောင်းချ နေသော ရွှေဘိုပေါ်ဆန်း၊ ကြားပျံ၊ ဧရာပေါ်ဆန်းစသည့် ဆန်များ၏ ၁ပြည်၊ ၁အိတ် ရောင်းချသည့် ဈေးနှုန်းများနှင့် ဆန်အိတ်လက်ကျန်များစစ်ဆေးခဲ့ပြီး၊ သဘာဝဘေးအန္တာရာယ် များကို အကြောင်းပြု၍ ဆန်ဈေးနှုန်းများကို ဈေးမြှင့်တင်ရောင်းချခြင်းမပြုရန်၊ စားသုံးသူပြည်သူများ အခက်အခဲမရှိ ဝယ်ယူစားသုံးနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ ပေးကြရန်၊ ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်သည်ကို တွေ့ရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းအသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)