Main menu

မြင်းခြံမြို့အတွင်းရှိ ဆန်လက်လီလက်ကားအရောင်းဆိုင်များသို့ကွင်းဆင်းဆောင်ရွက်ခြင်း

Powered by Drupal

   စားသုံးသူကာကွယ် ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်လျှက်ရာ ပြည်တွင်း ဆန်ဈေးနှုန်းများတည်ငြိမ်စေရေးအတွက်  မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့်ပူးပေါင်း၍ ပြည်တွင်း၌ဆန်စပါးဖူလုံရေး၊ ပြည်ပသို့စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး၊ သမားရိုးကျရောင်းဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ် စေရေးတို့အတွက်  သင့်တင့်မျှတသော ဆန်ဈေးကွက်ဈေးနှုန်းများထုတ်ပြန်၍ ဆောင်ရွက်လျှက်ရှိ ကြောင်းသိရှိရသည်။

    သို့ဖြစ်ပါ၍ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ရုံးမှဝန်ထမ်းများသည် မြင်းခြံမြို့၊ အမှတ်(၇)ရပ်ကွက် အတွင်းရှိ ဆန်လက်လီလက်ကားအရောင်းဆိုင်များသို့ (၁၈-၆-၂၀၂၅) ရက်၊ နေ့လည်(၁၃:၃၀) နာရီအချိန်တွင် ဆန်ဈေးနှုန်းများကြီးမြှင့်မှုမရှိစေရေးအတွက် ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်း ဆန်အရောင်းဆိုင် များတွင်ရောင်းချနေသော ဆန်ဈေးနှုန်းများမှာ (၂၄) ပြီတစ်အိတ် လျှင် ရွှေဘိုပေါ်ဆန်း အသစ် (၁၄၀၀၀၀)ကျပ်၊ အဟောင်း(၁၅၅၀၀၀)ကျပ်၊ ဧရာပေါ်ဆန်း (၁၂၀၀၀၀) ကျပ်၊ ဧရာမင်း(၁၃၃၀၀၀)ကျပ်၊ မဂျမ်းတော(၁၃၅၀၀၀)၊ ဖန်သီးသုခ(၉၂၀၀၀)ကျပ်၊ မနောသုခ (၉၀၀၀၀)ကျပ်၊ ရက်(၉၀)ဆန် (၈၅၀၀၀၀)ကျပ်နှင့်သုခဆန်(၈၀၀၀၀)ကျပ်များဖြင့် သင့်တင့်မျှတသော နှုန်းထားများဖြင့် ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရကြောင်း ဈေးကွက် ဝင်ရောက်မှု အနေဖြင့် ရွှေဘိုမြို့၊ ပုသိမ်၊မြောင်းမြမြို့နှင့် ပခုက္ကူမြို့နယ်ကုန်းဇောင်းရွာတို့မှ ဝင်ရောက်၍ဒေသတွင်း ဖြန့်ဖြူးရောင်းချကြောင်း၊ ဆန်လက်လီ/လက်ကားအရောင်းဆိုင်များမှ စားသုံးသူပြည်သူများသို့ သင့်တင့်မျှတသော နှုန်းထားများအတိုင်း ဆက်လက်ရောင်းချစေရေး၊ ဈေးကစားရန် ရည်ရွယ် ချက်ဖြင့် သိုလှောင်ရောင်းချခြင်းများ မပြုလုပ်ရန်၊ ဆန်လက် လီလက်ကား အရောင်းဆိုင်များသို့ လစဉ်သတ်မှတ်ထုတ်ပြန်ထားသည့် သင့်တင့်မျှတသော ဈေးနှုန်းဈေးကွက် (ReasonabIe Market Price) များအတိုင်း ရောင်းချစေရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)