Main menu

ရှာဖွေကယ်ဆယ်ရေးတိုက်ပွဲဝင်အသင့်ဇာတ်တိုက်လေ့ကျင့်မှုအခမ်းအနား

Powered by Drupal

             မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက်အနီး မိတ္ထီလာမြောက်ကန်၌ ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ဦးဆောင်ပြုလုပ်သော ရှာဖွေကယ်ဆယ်ရေးတိုက်ပွဲဝင်အသင့်ဇာတ် တိုက်လေ့ကျင့်မှုအခမ်းအနားကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၄ ရက်နေ့နံနက် (၀၉း၀၀) နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

               အဆိုပါအခမ်းအနားတွင် ဦးစွာခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက အမှာစကားပြောခဲ့ကြောင်း၊ ဆက်လက်၍ ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့အတွင်းရေးမှူး ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက ရှာဖွေ ကယ်ဆယ်ရေးတိုက်ပွဲဝင်အသင့်ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်သည့်အကြောင်းကို ရှင်းလင်းပြော ကြားခဲ့ကြောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များက ရှာဖွေကယ်ဆယ် ရေးပစ္စည်းကိရိယာများ ခင်းကျင်းပြသထားမှုကို ကြည့်ရှု့စစ်ဆေးခဲ့သည်၊၊ ၎င်းနောက် မိတ္ထီလာမြောက် ကန်အတွင်း၌ပြုလုပ်သည့် ရေကြီးမှု၌ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်နေမှုများကို ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ပရဟိတလူမှုရေးအသင့်အဖွဲ့များနှင့် ဒေသခံပြည်သူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)