Main menu

ချောင်းဆုံမြို့နယ်တာဝန်ခံမှ ဝါးဖတ်ခမောက် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

    ၁၇.၆.၂၀၂၅ ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ချောင်းဆုံမြို့နယ်‌ ကော့ဒွတ်ကျေးရွာရှိ ဦးသာအောင် ဝါးဖတ်ခမောက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ချောင်းဆုံမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား တစ်ရက်ထုတ်လုပ်နိုင်မှု၊ တစ်လထုတ်လုပ်နိုင်မှု၊ ကုန်ကြမ်းရရှိမှု၊ ဈေးနှုန်းအခြေအနေများကို မေးမြန်းခဲ့ရာ လုပ်းငန်းရှင်က ဝါးဖတ်ခမောက်ကို တစ်ရက်လျှင် လုံး (၂၀) ခန့်ထုတ်လုပ်နိုင် ကြောင်း၊ တစ်လလျှင် လုံး (၄၀၀) ခန့်ထုတ်လုပ်နိုင်ကြောင်း၊ ကုန်ကြမ်းများကို ချောင်းဆုံ မြို့နယ်အတွင်းသာ ဝယ်ယူရပြီး ဝါးဖတ် တစ်ပိဿာကို (၉၀၀၀) ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ ဝါးဖတ်ခမောက် တစ်လုံးလျှင် လူကြီး (၅၀၀၀) ကျပ်၊ ကလေး (၃၅၀၀) ကျပ်ဖြင့် ရောင်းချရကြောင်း၊ ဝါးဖတ်ခမောက်ကို ချောင်းဆုံမြို့နယ်၊ မော်လမြိုင်၊ မုဒုံ၊ ဘားအံမြို့အထိ သွားရောက်ရောင်းချပြီး အလုပ်သမား (၅) ဦးဖြင့် လုပ်ကိုင်လျှက်ရှိကြောင်း၊ လုပ်အားခကို တစ်ယောက် လျှင် (၁၂၀၀၀) ကျပ်ပေးရကြောင်း သိရှိရပါသည်။

DOCA(မွန်)