
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အွန်လိုင်းစနစ် ဖြင့် ရောင်းချခြင်းလုပ်ငန်းများဆောင်ရွက်သည့်လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန် အတွက် လျှောက်ထားရန် အခြေခံလိုအပ်ချက်များ အပါအဝင်အခြားသိကောင်းစရာများအား သိရှိစေရန် ရည်ရွယ် ၍ (၁၅.၉.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ဆုံမြေပဲဆီသန့်ရောင်းချ သည့် လုပ်ငန်းရှင်နှင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံအသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့အသိပညာပေးရာတွင် ခရိုင်ဦးစီးမှူးက အွန်လိုင်းဖြင့်ရောင်းဝယ်မှုများပြုလုပ် ဆောင်ရွက် ရာ တွင် လိမ်လည်မှုများ များပြားလာပြီး တိုင်ကြားမှုများ ရှိလာသောကြောင့် အွန်လိုင်းဖြင့် ရောင်းချနေ သည့် လုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းမှတ်ပုံတင်ထားရန်လိုအပ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်ထားသော ကြောင့် မည်သူမဆို အွန်လိုင်းစနစ်ဖြင့်ရောင်းခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထား ရရှိ ပြီးမှလုပ်ကိုင်ရန်လိုအပ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့် နေ့ရက်မှ စတင်၍ မှတ်ပုံတင် လက်မှတ်မရှိဘဲအွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက် ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခြင်းခံရ မည်ဖြစ် ကြောင်း၊ ထိုသို့အွန်လိုင်း မှတ်ပုံတင်ထားခြင်းဖြင့် အွန်လိုင်းဖြင့်ရောင်းချနေသော အဝတ်အထည်၊ အစားအသောက်၊ အလှကုန် ပစ္စည်းများ၊ အခြားကုန်စည်များ စသည့် ကုန်စည်အမျိုးမျိုးကို စားသုံးသူ များအနေဖြင့် ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အာမခံချက်များရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းရှင်များအား မိမိတို့ ရောင်းချသည့် ကုန်စည်အမျိုးမျိုးအား ရောင်းချနေမှုအပေါ် မှတ်ပုံတင်လျှောက်ထားရန်အတွက် လျှောက်ထားရန် website ၊ အခြေခံလိုအပ်ချက်များ အပါအဝင် အခြားသိကောင်းစရာများနှင့် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
