
စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ရုံးအုပ်)နှင့် ဝန်ထမ်းများ၊ ဈေးစည်ပင်တာဝန်ခံတို့နှင့် ပူးပေါင်း၍ ၁၇.၆.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဘိုကလေးဈေးအတွင်းရှိ အချိုရည်ဘူးများနှင့်မုန့်မျိုးစုံ ရောင်းချသည့် ဆိုင်များ အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ စစ်ဆေးရာတွင် ဆိုင်အတွင်းရှိ အချိုရည်အမျိုးမျိုးအား စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ရေးသားဖော်ပြထာခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး ကုန်ပစ္စည်းအတုအပများ မရောင်းချမိစေရေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)