Main menu

ပုဇွန်တောင်ဈေးအတွင်းရှိ အချိုရည်ဘူးနှင့်မုန့်မျိုးစုံ ရောင်းချသည့်ဆိုင်များအား စစ်ဆေးခြင်း

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများ၊ဈေးစည်ပင်တာဝန်ခံတို့နှင့်ပူးပေါင်း၍ ၁၇.၆.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပုဇွန်တောင်ဈေးအတွင်းရှိ အချိုရည်ဘူးများ နှင့်မုန့်မျိုးစုံ ရောင်းချသည့် ဆိုင်များအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

               ထိုသို့ စစ်ဆေးရာတွင် ဆိုင်အတွင်းရှိ အချိုရည်အမျိုးမျိုးအား  စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ရေးသားဖော်ပြထာခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ုကုန်)