Main menu

Best Bean Co,Ltd ၏ နှမ်း သိုလှောင်ထားရှိမှု မြေပြင်သွားရောက်စစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် (၁၇.၆.၂၀၂၅) ရက်နေ့ ၊ နံနက်(၁၁:၀၀)နာရီအချိန်တွင်    အမှတ် (၈၁)၊ မင်းကြီးမဟာမင်းခေါင်လမ်း၊အရှေ့ဒဂုံစက်မှုဇုန် Best Bean Co,Ltd သို့ မြေပြင်လက်ကျန်အခြေအနေအား သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် ကုမ္ပဏီသည် နှမ်းနက်နှင့် နှမ်းညို နှစ်မျိုးကို ထိုင်ဝမ်သို့ ပို့ကုန်လိုင်စင်ဖြင့် တင်ပို့ခြင်းဖြစ်ကြောင်း သိရှိရပြီး၊ သိုလှောင်ထားရှိသည့် ပမာဏနှင့် မြေပြင် လက်ကျန်အခြေအနေတို့ကို စစ်ဆေးမေးမြန်းခဲ့ပြီး၊စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၀)၊ ပုဒ်မ (၂၁) ပါ အချက်အလက်များကို  ရှင်းလင်းအသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)