Main menu

စားသုံးဆီဘူးအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၅.၆.၂၀၂၅ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံ စွာပါဝင်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့စစ်ဆေးခဲ့ရာတွင် ကြည့်မြင်တိုင်မြို့နယ် ညဈေးနှင့် အလုံမြို့နယ် အလုံဈေးအတွင်း ရောင်းချနေသော Sunar၊ Duck၊ ရန်ကုန်ပဲဆီသန့်၊ အမေထွား(မြေပဲဆီ)၊ Lotus(ဟင်းသီးဟင်းရွက် ဆီ)၊Healthy Chef (ပဲပိစပ်ဆီ)၊ ရွှေအုံ(မြေပဲဆီ)၊Good Choice (အဆင့်မြင့်စားအုန်းဆီ) များတွင် စားသုံးသူကာကွယ်ရေးဥပဒေ၌ ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်ကိုက်ညီမှုရှိ/ မရှိစစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)