
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့်ဝန်ထမ်းများသည် ၁၆.၆.၂၀၂၅ ရက်နေ့၊ နေ့လယ် (၀၁:၃၀) နာရီအချိန်တွင် အမှတ် (၁၆၇) ဗဟိုရ်လမ်း၊ စမ်းချောင်းမြို့နယ်ရှိ ဆေးကမ္ဘာ ဆေးဆိုင်အား စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် ဆေးဆိုင်တွင် ဆေးနှင့်ဆေးပစ္စည်းအမျိုးပေါင်း(၂၀၀)မျိုးကျော် ရှိသည့်အနက် သွေးကျဆေး၊ သွေးကျဲဆေး၊ အကိုက်ခဲပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ဆီးချိုဆေး၊ လေဆေး၊ အားဆေး၊ ပိုးသတ်ဆေး၊ ဓာတ်ဆားထုပ် စသည့်တို့မှာ အများဆုံး ရောင်းရကြောင်း၊ ပစ္စည်းပြတ်လပ်မှုမရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့်သာရောင်းချ ပေးပါကြောင်း ဆိုင်တာဝန်ခံထံမှ စုံစမ်းသိရှိခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)