Main menu

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲကျင်းပ

Powered by Drupal

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ၁၂-၆-၂၀၂၅ ရက် ကြာသပတေးနေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများနှင့်အတူ ခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများမှ အွန်လိုင်းမှ တက်ရောက်ခဲ့ကြပါသည်။ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဒေါက်တာဇော်လွင်၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဌာနခွဲ တာဝန်ခံမျာနှင့် ကျောက်ဆည်၊ မိတ္ထီလာ၊ မြင်းခြံခရိုင်ရုံးများမှ ခရိုင်ဦးစီးမှူးများ၊ ပြင်ဦးလွင်၊ ညောင်ဦးခရိုင်ရုံးများရှိ  ခရိုင်တာဝန်ခံများသည်၊ ယခင်လ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ယခုလ အစည်းအဝေးဆုံးဖြတ်ချက်များအား အသီးသီး အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)