Main menu

ရွှေဘိုပေါ်ဆန်းဆန်စီးဝင်/ စီးထွက်လမ်းကြောင်းချောမွေ့စေရေးနှင့် ရည်ညွှန်း‌ဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

Powered by Drupal

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ နေ့လည်(၁၃:၀၀) နာရီအချိန်တွင်  ဆန်လိုဒေသဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရွှေဘိုပေါ်ဆန်းဆန်အိတ်(၅၀၀၀) စီးဝင်/ စီးထွက်လမ်းကြောင်းချော မွေ့စေရေး၊ ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ ပါသည်။

          အဆိုပါအစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးခင်မောင်လှိုင်မှအဖွင့်အမှာစကားပြောကြားပြီးနောက် ဆန်လိုဒေသဖြစ်သော ရန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့်  မန္တလေးတိုင်း ဒေသကြီးအတွင်း  လစဉ် ရွှေဘိုပေါ်ဆန်းဆန်အိတ်(၅၀၀၀)အား     စီးဝင်/ စီးထွက်လမ်းကြောင်းများ ချောမေွ့စေရေး နှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း   ‌ရောင်းချရေးကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးရာ  စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူးမှလည်းကောင်း၊  စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဟန်ဝင်းကေျာ်မှလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုမှန်ကန် မြန်ဆန်စေရေးလုပ်ငန်းကော်မတီ(OSS)အဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမင်းမင်းမှ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး၊ ညွှန်ကြားရေးမှူးဦးဇေယျာဆွေနှင့်စစ်ကိုင်းတိုင်းဒေသကြီး၊တိုင်းဒေသကြီးဦးစီးမှူး၊ညွှန်ကြားရေးမှူး  ဦးခမ်လျှန်စွမ်းမှလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးဆန်စက်လုပ်ငန်း ရှင်များအသင်း၊ ဥက္ကဌ ဦးကျော်မင်းမှ   လည်းကောင်း၊    မန္တလေးတိုင်း ‌ဒေသကြီး  ဆန်စပါးကုန်သည်များအသင်း၊   ဥက္ကဌဦးကျော်မင်းဌေး မှလည်းကောင်း၊  Zoom ဖြင့်    မြန်မာနိုင်ငံဆန်စပါးအသင်း၊   ဒုဥက္ကဌ၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၊ဥက္ကဌ ဦးအောင်မြင့်နှင့် ရွှေဘိုခရိုင်ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများ အသင်းကိုယ်စားလှယ်တို့မှလည်းကောင်း  အသီးသီးဆွေးနွေးခဲ့ပါသည်။

          အဆိုပါအစည်းအဝေးအား     နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် ရုတ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)