Main menu

တောင်တွင်းကြီးမြို့ပေါ်ရှိ "မိုးယံထက်" ပဲကြော်လုပ်ငန်းအား  ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးရိုင်၊ ‌တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် (၁၆.၆.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် တောင်တွင်းကြီးမြို့ပေါ် မောင်းတိုင်(၂)ရပ်ကွက်ရှိ “မိုးယံထက်” ပဲကြော်လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

     ကုန်ကြမ်းကို မြို့ပေါ်ရှိ ပွဲရုံများမှ (၁)တင်းလျှင် ကျပ်(၉၀၀၀၀)ဖြင့် ဝယ်ယူကြောင်း၊ (၁)ရက် ပဲကြော်ဖို(၁)ဖိုလျှင် ကုန်ကြမ်း ပဲကြီး(၃၀)ပိဿာဝင် (၄)အိတ်ခန့် ကုန်ကြကြောင်း၊ ပထမဦးစွာ ပဲကြီးကို တစ်ညအိတ်ခန့် ရေစိမ်ရပြီး ရေစိမ်ပြီးသားပဲကြီးများကို ပဲညှစ်ရကြောင်း၊ ထွက်ရှိလာသောပဲကြီးများကို ပဲကြော်ဖို(၂)လုံးဖြင့် ကြော်ပြီး ပဲကြော်ဖို(၁)လုံးလျှင် (၁)ရက်လျှင် ကုန်ချောပဲကြော်(၃၀)ပိဿာဝင် (၂)အိတ်ထွက်ရှိကြောင်း၊ ပဲကြော်(၁)ပိဿာလျှင် ကျပ်(၉၅၀၀) ဈေးနှုန်းဖြင့် (၃၀)ပိဿာဝင်အိတ် များဖြင့် ထုတ်ပိုးပြီး ရန်ကုန်သို့ ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း၊  လုပ်သား ကျား(၃)ဦး၊ မ(၃၀)ဦး စုစုပေါင်း (၃၃)ဦးဖြင့် လုပ်ကိုင်လျက်ရှိကြောင်း၊ တစ်ရက်လျှင် ကျား(၁)ဦး ကျပ်(၂၀၀၀၀)၊ မ(၁)ဦး ကျပ်(၉၀၀၀)ပေးချေရကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအား ကုန်အညွှန်းအမှတ်အသား စိစစ်ပေး နိုင်ရန် တင်ပြလျှောက်ထားဆဲဖြစ်ကြောင်း၊ လုပ်ငန်းအတွက် အဓိက လိုအပ်သော လုပ်ငန်းသုံးဆီ စားအုန်းဆီများအား စားသုံးသူရေးရာဦးစီးဌာနမှ ကူညီချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိသောကြောင့် လုပ်ငန်းများအစဉ်မပျက်လုပ်ကိုင်နေရကြောင်း သိရှိရပါသည်။

DOCA(မကွေး)