Main menu

ညောင်လေးပင်မြို့မဈေးအတွင်း ခွဲတမ်းရရှိသောစားသုံးဆီရောင်းချသည့် ဈေးဆိုင်များအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေး နှင့် ဗီနိုင်းချိတ်ဆွဲရောင်းချရန် ကွင်းဆင်းစစ်ဆေး

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ကြိုးစား ပမ်းစား ဆောင်ရွက်လျက်ရှိရာ ၁၆.၆.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော် သက်မိုးနှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ညောင်လေးပင်မြို့မဈေးအတွင်းတန်း၊ အပြင် တန်းများတွင် ခွဲတမ်းရရှိသော စားသုံးဆီများကို ရောင်းချလျက်ရှိသည့် ဈေးဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

   ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့ သည် ညောင်လေးပင်မြို့မဈေးတာဝန်ခံတို့နှင့်အတူ ညောင်လေးပင်မြို့မဈေးအတွင်းတန်းနှင့် အပြင် တန်းများ၌ ခွဲတမ်းရရှိသော စားသုံးဆီများကို ရောင်းချလျက်ရှိသည့် ဈေးဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ရာ မြို့နယ် တာဝန်ခံက ခွဲတမ်းရရှိသော စားသုံးဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချ ခြင်းမပြုရန်၊ ရောင်းချရာတွင်လည်း အလေးချိန်မှန်ကန်စွာဖြင့် ချင်တွယ်ရောင်းချရန်၊ စားသုံးသူ ပြည်သူများအား ပွင့်လင်းမြင်သာမှုရှိစွာ ဗီနိုင်းချိတ်ဆွဲရောင်းချရန်၊ အမြတ် (၂)ရာခိုင်နှုန်းထက် ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ ရောင်းချမှုလက်ခံသည့် ဘောက်ချာများ ထားရှိရန် အသိပညာ ပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)