Main menu

Blueberry   (1,2,3) စားသောက်ဆိုင်သို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၃)ဦးသည် ၂၀၂၅ခုနှစ်၊ ဇွန်လ  (၁၇)ရက်နေ့နံနက် ( ၀၉:၃၀ )နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်နှင့် ရှမ်းစုရပ်ကွက်ရှိ Blueberry(1,2,3) စားသောက်ဆိုင်များသို့ အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှု ရှိ/ မရှိ၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/ မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှု ရှိ/မရှိ၊ မိမိတို့ဆိုင်မှပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူသို့ အသိပေးဖော်ပြထားခြင်း ရှိ/မရှိ နှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား(Size)ပမာဏအလိုက် ဈေးနှုန်းအား ပွင့်လင်း မြင်သာစွာဖြင့် ကြိုတင်အသိပေးဖော်ပြထားခြင်း ရှိ/မရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Blueberry (1,2,3)စားသောက်ဆိုင်ရှိ အစားအသောက် ပြုပြင်ရောင်းချသည့် နေရာများမှာ သန့်ရှင်းမှုရှိကြောင်း၊ အစားအသောက်ကိုင်တွယ်ချက် ပြုတ်သူများမှာ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိကြောင်း၊ ဝန်ဆောင်မှုပေးသူများမှာလည်း တစ်ကိုယ်ရည် သန့်ရှင်းမှုရှိကြောင်း၊ ၎င်းတို့ဆိုင်မှပေးအပ်ထားသည့် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ ဝန်ဆောင်မှု ပေးအပ်သည့် အဖိုးအခထပ်မံ ကောက်ခံခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ရောင်းချသည့်စားသောက်ဖွယ်ရာများ၏ အမျိုးအစား (Size) ပမာဏအလိုက် ဈေးနှုန်းအား Blueberry( 1 )စားသောက်ဆိုင်၌ ပွင့်လင်းမြင်သာစွာဖြင့် ကြိုတင် အသိပေးဖော်ပြထားခြင်းမရှိဘဲ ကျန် Blueberry ( 2,3 )ဆိုင်များမှာ ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာ ဖြင့် ကြိုတင်အသိပေးဖော်ပြထား သည်ကိုတွေ့ရှိရပါသည်။

    Blueberry(1,2,3) စားသောက်ဆိုင်လုပ်ငန်းရှင်အနေဖြင့်  မိမိစားသောက်ဆိုင်ရှိ အစားအသောက် ပြုပြင်ရောင်းချသည့်နေရာများအား သန့်ရှင်းမှုသပ်ရပ်စွာအသုံးပြုရန်၊ အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများအနေဖြင့် Apron ၊ ခေါင်းစွပ်များဝတ်ဆင်၍ ချက်ပြုတ်စေရန်နှင့် အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူများအပြင် ဝန်ဆောင်မှုပေးသူများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိစေရေး ကြပ်မတ်ဆောင် ရွက်ရန်၊ မိမိတို့ဆိုင်မှပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အဖိုးအခထပ်မံကောက်ခံမည်ဆိုပါက လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူသို့အသိပေး ဖော်ပြထားရှိရန်၊ မိမိတို့ဆိုင်မှ ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား(Size)ပမာဏအလိုက် ဈေးနှုန်းအား ပွင့်လင်းမြင်သာ စွာဖြင့် ကြိုတင်အသိပေးဖော်ပြထားရန်၊ သက်ဆိုင်ရာဌာန၏ ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်သွားရန်နှင့် ထပ်မံစစ်ဆေးသည့်အခါ အထက်ဖော်ပြပါအချက်များအား လိုက်နာဆောင်ရွက်မှု မရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရသော်လည်းကောင်း၊သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ဥပဒေများနှင့်ပါ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)