Main menu

မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆေးနှင့်ဆေးပစ္စည်းရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ဖြင့် မြိတ်ခရိုင်အတွင်းဆေးနှင့် ဆေးပစ္စည်းရောင်းချနေသော လုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဆေးနှင့် ဆေးပစ္စည်းရောင်းဝယ်သူများ အသင်းဖွဲ့စည်းနိုင်ရေးနှင့် ဆေးဝါးရောင်းချရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များအား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

    တွေ့ဆုံဆွေးနွေးရာတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်းမှ မြိတ်ခရိုင်ဆေးနှင့် ဆေးပစ္စည်းရောင်းဝယ်သူများအသင်းဖွဲ့စည်းနိုင်ရေးနှင့် တရားမဝင်ဆေးဝါးများရောင်းဝယ် မှုမရှိစေရေး၊ စျေးနှုန်းမြင့်တင်ရောင်းချခြင်းမရှိဘဲ ‌ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများဖြင့် ရောင်းချမှုရှိစေရေး၊ ဆေးဝါးပြတ်လတ်မှုမရှိစေရေးနှင့် သက်တမ်းလွန်ဆေးဝါးများ မရှိစေရေး ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)