Main menu

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကျင်း

Powered by Drupal

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၂၅ခုနှစ်ဇွန်လ ၁၆ ရက်နေ့နံနက်(၁၀း၀၀)နာရီအချိန်တွင် ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားတစ်ရပ်ကျင်းပခဲ့ပါသည်။

          အဆိုပါဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးခင်မောင်လှိုင်မှ အဖွင့်အမှာစကား ပြောကြားရာ သင်တန်းသားများအနေဖြင့်  (၂၀၂၂)ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်(၃၀)နှင့်အညီ လိုက်နာကျင့်သုံးကြရန်နှင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ယခုကဲ့သို့ သင်တန်းများတွင် ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားဖို့လိုကြောင်း၊ မိမိတို့ဦးစီးဌာန၏ မျှော်မှန်း ချက်၊ရည်မှန်းချက်များနှင့်အညီ ဌာနခွဲများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များသိရှိမှသာ  လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အောင်မြင်နိုင် မည်ဖြစ်ကြောင်း၊မိမိတို့ဌာနအနေဖြင့်  ကုန်စည်၊ ဝန်ဆောင်မှုများ နှင့်ပတ်သက်၍ စားသုံးသူအခွင့်အရေး ဆိုင်ရာရှု့ထောင့်မှကုန်စည်ထုတ်လုပ်သူများအား လုံခြုံစိတ်ချရမှုဖြစ်စေသည့်လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်မှုရှိမရှိ၊မှန်ကန်မှုရှိမရှိ စောင့်ကြည့်စစ်ဆေးသည့်လုပ်ငန်းစဉ်များ၊ကုန်သွယ်ရေးဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့၏အခြေခံသိသင့်သိထိုက်သောအချက်များ ပို့ချဖို့လိုကြောင်း၊ သင်တန်းတက်ရောက်သူများအနေဖြင့် ဘာသာရပ်များအလိုက် စနစ်တကျ မှတ်သားဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးဇေယျာဆွေမှ သင်တန်းကာလအား ၂၀၂၅ ခုနှစ်ဇွန်လ ၁၆ ရက်နေ့မှစ၍ ရက်သတ္တပတ်(၅) ပတ် ကျင်းပသွားမည်ဖြစ်ကြောင်း၊သင်တန်း သား/ သင်တန်းသူ(၂၀)ဦးအား စာတွေ့/လက်တွေ့ သင်ကြား ပေးမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာသိကောင်းစရာများ၊စီမံရေးရာဌာနခွဲဆိုင်ရာ လုပ်ငန်း များ၊ ငွေစာရင်းဌာနခွဲဆိုင်ရာလုပ်ငန်းများ၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးဆိုင်ရာကိစ္စများ၊ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာလုပ်ငန်းများ၊ ပြည်တွင်း ကုန်သွယ် ရေးဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများ၊ မူဝါဒဌာနဆိုင်ရာလုပ်ငန်းများ၊သတင်းအချက်နည်း ပညာနှင့် အရည် အသွေး စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ၊ ကုန်သွယ်ရေးဦးစီးဌာန၏လုပ်ငန်းများ၊ မူပိုင်ခွင့် ဦးစီးဌာန၏ လုပ်ငန်းများ၊မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏လုပ်ငန်းများ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ Short  Video ပြုလုပ်နည်းဆိုင်ရာဘာသာရပ်များ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း တင်ပြခဲ့ပြီးနောက် သင်တန်းဖွင့်ပွဲအခမ်းအနားအား  နံနက်(၁၀:၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)