Main menu

အသင့်စား ခေါက်ဆွဲထုပ်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေးရေးအရာရှိ) ဦးဆောင်၍ ဝန်ထမ်း (၂)ဦးသည် ဗိုလ်တထောင်ခရိုင် ဘိုကလေးဈေး စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၁၇.၆.၂၀၂၅ ရက်နေ့ ၊နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဈေးအတွင်းရှိ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်တို့ရှိ  အသင့်စားခေါက်ဆွဲထုပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ကုန်အညွှန်းအမှတ်အသားစားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ     ပါဝင်မှုရှိ/မရှိ တို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)