Main menu

အင်းစိန်မြို့နယ်ရှိ စန်းရတနာဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

       (၁၃.၆.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်းရှိ စန်းရတနာဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်ရှိ စန်းရတနာဆိုင်၌ ဆန်အမျိုးအစားအလိုက်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးသူရေးရာဉီးစီးဌာနမှ ဇွန်လအတွင်း ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအပေါ် သတ်မှတ်ရာခိုင်နှုန်းအမြတ်တင်၍ သတ်မှတ်ဈေးအတွင်း ရောင်းချရန်တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 

DOCA (ရန်ကုန်)