Main menu

ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြစေရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင် ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများသည် (၁၃.၆.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် သရက်မြို့၊ အနောက်ရပ်တောင်ပိုင်းရပ်ကွက်၊ အောင်သီရိ(၄)လမ်းရှိ ဇာမဏီအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချနေသော ပဲကြော်လုပ်ငန်းအလုပ်ရုံသို့ သွားရောက်၍ ထုတ်လုပ်နေသည့် ပဲနှစ်ပြန် ကြော်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြစေရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

       ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒုတိယခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈)ပုဒ်မ(၄၁)အရ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များနှင့် ကိုက်ညီမှုရှိစေရန်လည်းကောင်း အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပြီး လုပ်ငန်းရှင်မှကုန်အမှတ်တံဆိပ်များ ပြည့်စုံမှုရှိ/မရှိတင်ပြလာခြင်းအားစိစစ်၍  တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ထပ်ဆင့်တင်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)