
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သာစည်မြို့နယ်အတွင်း ကုန်စုံဆိုင် များအား ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် Sprite အမှတ်တံဆိပ် အချိုရည်အား ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်းသိရသည်။
အဆိုပါ Sprite အချိုရည်ကို Coca-Colar Pinya Beverages Myanmar (CCOBM) ကုမ္ပဏီမှ ၂၀၁၃ ခုနှစ်မှစတင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက်နှင့် အညီ ကာဗွန်နိတ်အချိုရည်၊ နို့ထွက်ပစ္စည်းအချိုရည်များ၊ အားဖြည့်အချိုရည်များနှင့် သောက်ရေသန့် များကို အမှတ်တံဆိပ် (၈) မျိုးဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိနေပြီး၊ Sprite PET ပလပ်စတစ်ဘူးများကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် အစိမ်းရောင်မှ အကြည်ရောင်ဘူးများသို့ ပြောင်းလဲ ခဲ့ခြင်းဖြစ်ရာ ယခုအခါ ရန်ကုန်ဈေးကွက်အတွင်း အစိမ်းရောင်ပလပ်စတစ်ဘူးများကို ထိုင်းဘာသာ စကားဖြင့်ဖော်ပြထား၍ Sprite အချိုရည်အတုများ ထွက်ရှိနေသဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးချက်အရ မြိတ်ခရိုင်အတွင်း အစိမ်းရောင်ပလပ်စတစ်ဘူးဖြင့် ထုတ်လုပ် ထားသော Sprite အချိုရည်အတုများမရှိကြောင်း သိရှိရသဖြင့် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော ထုတ်ကုန်များ ရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အတွက်ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)