
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဆိပ်ဖြူ မြို့နယ်တာဝန်ခံသည် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ရည်ရွယ်၍ (၁၃.၆.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ ကိုးထောင့်အုပ်စု တောင်ငယ်လုံးကျေးရွာရှိ ဆီထွက်သီးနှံ မြေပဲကြိတ်ခွဲထုတ်လုပ်သည့် စားသုံးဆီ လုပ်ငန်းရှင်များ နှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများ ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် စားသုံးဆီထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များမှ ဆီဆိုင်များ ကြိတ်ခွဲ ထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်စွာဖြင့် ကြိတ်ခွဲထုတ်လုပ်ဆောင်ရွက်ရေး၊ စားသုံးသူ ဘေး အန္တရာယ်ကင်းရှင်းစေရန်အတွက် မှိုတက်မြေပဲဆံများ မပါရှိစေရေး၊ ဆီအမျိုးအစားအလိုက် စားသုံးသူများမြင်သာအောင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာရေးသားဖော်ပြပြီး ရောင်းချသွားရန်နှင့် အချိန်အတွယ်မှန်ကန်စေရေး၊ စားသုံးသူများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုမရှိစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ် များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်ဆည်းမှုအညွှန်းတို့ကို ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းမရှိသော စားသုံးဆီများ ဈေးကွက်အတွင်း ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
DOCA(မကွေး)