
စားသုံးသူရေးရာဦးစီးဌာန ၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၁၇.၆.၂၀၂၅)ရက်နေ့ ၊ နံနက် (၈:၃၀)နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကြံခင်းမြို့နယ်၊ရွာသစ်ရက်ကွက် မြို့မဈေးအတွင်းရှိ စားသုံးဆီ လက်လီ၊လက္ကား ရောင်းချလျက်ရှိသော ဆိုင်များတွင် ဈေးနှုန်းမြှင့်တင် ရောင်းချမှုရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကြံခင်းမြို့နယ်အတွင်းရှိ ဆီထုတ်လက်ကား ကိုယ်စားလှယ် များမှ ခွဲတမ်းရရှိသော လက်လီကုန်စုံဆိုင်များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချရာတွင်လည်း အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာရောင်းချခြင်း၊ အခြား မသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထား ခြင်းများ မရှိကြောင်း၊ ကုန်စုံဆိုင်အမည်နှင့် ဈေးနှုန်း၊ နေ့စွဲပါ ဗွီနိုင်းပိုစတာများအား အများ မြင်သာ သော နေရာတွင်ချိတ်ဆွဲထားမှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA( ဧရာဝတီ)