
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည် သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိ စေရေး၊ ဥပဒေ ပြဌာန်းချက်များနှင့်ကိုက်ညီမှုမရှိဘဲ မမှန်မကန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချ လျက်ရှိ သော ကုန်စည်များနှင့် လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များ လျော့နည်းပပျောက်သွားစေ ရေးတို့ အတွက် နေရာစုံ၌ နည်းလမ်းပေါင်းစုံဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူ တစ်ရပ်လုံးကို အသိပညာပေးလျက်ရှိသလို တဖက်မှလည်း ဈေးကွက်များအတွင်းရောင်းချမှု မရှိစေရေး ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။
(၁၁.၆.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ) သည် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ညောင်ဦးမြို့ မဏိစည်သူဈေးတိုက်တန်းရှိ ရွှေလရောင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် အား ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။ ပူးပေါင်းအဖွဲ့ဝင်များသည် ဆေးနှင့်ဆေးပစ္စည်း ရောင်းချသော ဆေးဆိုင်များတွင် အရည်အသွေးမပြည့်မီသည့်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန် ဆေးဝါးများနှင့် ခွင့်ပြုလိုင်စင်မရှိသည့်ထိန်းချုပ်ဆေးဝါးများအား ရောင်းချခြင်းများ မရှိစေရေး၊ သက်ဆိုင်ရာဌာန ထောက်ခံချက် ပါဝင်သောဆေးဝါးများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများနှင့်ကိုက်ညီသော ဆေးဝါးများသာရောင်းချစေ ရေးတို့အတွက် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး၊ စစ်ဆေးမှုများတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိသော ဆေးဝါးများကိုသာရောင်းချမှုရှိကြောင်း တွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများနှင့်သာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ထိခိုက်နစ်နာ ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မ ပြတ်ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)