Main menu

မိုးညိုမြို့နယ်ငရုတ်သီးစိုက်တောင်သူနှင့် တွေ့ဆုံခြင်း

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မိုးညိုမြို့နယ် ဖလံချောင်ကျေးရွာ အုပ်စုငရုတ်စိုက် တောင်သူဦးသန့်၏ စိုက်ဧက(၇)ဧကစိုက်ပျိုး၊ထွက်ရှိမှု၊အခြေအနေများကို သိရှိရန် ၁၂.၆.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးမောင်မောင်အေးမှ သွားရောက်လေ့လာ ကွင်းဆင်းခဲ့ပါသည်။

          ငရုတ်သီးစိုက်ပျိုးရာတွင် မြေယာပြုပြင်ခြင်း၊ မျိုး၊ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်း၊ သွင်းအားစု ဓာတ်မြေဩဇာအတွက်(၂၆၈၄၀၀၀/)ကျပ်၊ရိတ်သိမ်း၊ခူးဆွတ်ခြင်း၊နေလှန်းခြင်းအတွက် (၄၀၀၀၀၀) ကျပ်၊ စုစုပေါင်းတစ်ဧက ကုန်ကျစရိတ်(၃၀၈၄၀၀၀/)ကျပ် ကုန်ကျနိုင်ပါသည်။တစ်ဧကအတွက် ပိဿာ(၈၀၀)ပိဿာ ထွက်ရှိပြီးတစ်ပိဿာဈေးနှုန်း ပျမ်းမျှ (၉၅၀၀/)ကျပ်၊ရောင်းချရသဖြင့် တစ်ဧက ဝင်ငွေ (၇၆၀၀၀၀၀/)ကျပ်ရရှိနိုင်သည်။တစ်ဧကအကျိုးအမြတ်အနေဖြင့် (၄၅၁၆၀၀၀/) ကျပ်ရရှိ ပါသည်။

          ဈေးကွက်ရောင်းချမှု့အနေဖြင့် ပြည်၊အောင်လံ၊ရန်ကုန်မြို့များသို့ တင်ပို့လျက်ရှိပါသည်။ မိမိ တွင်ကိုယ်ပိုင်အမှုန့်ကြိတ်စက်လည်းရှိပြီး ယခင်အနေအထားအရ မြို့နယ်တွင်းနှင့် ကိုယ်တိုင်စား သုံးရန်အတွက်သာ ကြိတ်ခွဲခြင်းဖြစ်ပြီး အခြားမြို့များသို့ တင်ပို့ရောင်းချရန် ကြိတ်ခွဲခြင်းမရှိပါ။ တောင်သူကုန်သည် အကျိုးတူပူးပေါင်း၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း လုပ်ဆောင်ပါမည်။ထိုသို့ ဆောင်ရွက်ပါက ဈေးနှုန်းပိုမိုရရှိပြီး ဈေးကွက်အလားအလာများမှာလည်း ပို၍ကောင်းမွန်လာပါမည် ဖြစ်ပါကြောင်းနှင့် ကြိတ်ခွဲပြီးငရုတ်သီးမှုန့်များအား ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ် နိုင်ခြင်း မရှိ သေးပါက ဝယ်ယူလိုသော ကုမ္ပဏီကြီးများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ချိတ်ဆက် ပေးစေလို ကြောင်းဆွေးနွေးပါသည်။ထိုအတူအမှုန့်ကြိတ်ပိုင်ရှင် ဦးသိန်းစိုးအား စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊မြို့နယ်တာဝန်ခံတို့မှချိတ်ဆက်ဆွေးနွေးရာ မိုးညိုမြို့နယ်အတွင်း အမှုန့်ကြိတ်စက် များ ရှိသော်လည်း တောင်သူများအနေဖြင့် မိသားစုစားသုံးရန်နှင့် မြို့နယ်တွင်းရောင်းချရန်အတွက် သာနဝလီ ကြိတ်ခွဲခြင်းဖြစ်ပြီး စီးပွားဖြစ်ရောင်းချရန်အတွက် ကြိတ်ခွဲမှုမရှိပါကြောင်း ယခုအချိန် တွင်ငရုတ်သီးမှုန့်များမှာ ကိုယ်တိုင်စိုက်ပျိုး၍ ကုန်ကြမ်းအဖြစ်ရောင်းချခြင်းထက် တန်ဖိုးမြင့်ထုတ် ကုန်အပြင် ရောင်းချပါက ဈေးကွက်ထိုးဖောက်နိုင်မည်ဖြစ်ကြောင်း တောင်သူနှင့်ကုန်သည် အကျိုးတူပူးပေါင်း၍ ရာသီပေါ်ချိန်(၂)လအတွင်း၌ သာမကရာသီမပြတ် သိုလှောင်ထားရှိပြီး ငရုတ် သီးကို ကြိတ်ခွဲကာ ကုန်အမှတ်တံဆိပ်ပြည့်စုံစွာ၊သပ်ရပ်သန့်ရှင်းစွာဖြင့် ရောင်းချပါက ဈေးပိုမိုရရှိ ကာပိုအကျိုးအမြတ်ရရှိနိုင်ပါကြောင်း ဈေးနှုန်းမှာမကြိတ်ခွဲခင် ၁ပိဿာလျှင် ၉၅၀၀ကျပ်သာ ရရှိပြီး အကြမ်းမှုန့်အနေအထား၌ ၁ပိဿာလျှင် ၁၅၀၀၀ကျပ်ရရှိ၍ အနုမှုန့်အနေအထားတွင် (၁) ပိဿာလျှင် ၁၇၀၀၀/ကျပ်ခန့်ထိ ရရှိနိုင်ပါကြောင်း ဈေးနှုန်းဈေးကွက်မှာလည်း ယခင်ထက်ပို၍ တိုးတက်နိုင်ပါကြောင်းတောင်သူနှင့် အမှုန့်ကြိတ်စက်ပိုင်ရှင် ပူးပေါင်း၍ လုပ်ကိုင်မည်ဆိုပါက ဈေးကွက်ကောင်းကာ အကျိုးအမြတ်ပိုမိုရလာနိုင်ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)