Main menu

“ သုံးခွမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဈေးဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

            ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ စားသောက်ကုန် အမျိုးမျိုးရောင်းချသောဆိုင်များ၊ ဆေးဝါးအရောင်းဆိုင်များသို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်တောင်ပိုင်းခရိုင်)မှ ဦးဆောင်၍ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းအား ဇွန်လ (၁၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့ဝင်အဖြစ် လိုက်ပါဆောင်ရွက် ပူးပေါင်းကွင်းဆင်းခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးမျိုးသီဟ ဦးစီးအရာရှိ (အစားအသောက်)၊  ဦးမင်းကိုလတ် ဦးစီးအရာရှိ (ဆေးဝါး)နှင့်အဖွဲ့ဝင် များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ  PHS.I ဒေါ်ဌေးဌေးလှနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် မြို့မဈေးတာဝန်ခံ၊ အထွေထွေ အုပ်ချုပ် ရေးမှူးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးစန္ဒာဝင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်တို့သည် စားသောက်ကုန်များဖြစ်သော ညှပ်ခေါက်ဆွဲ၊ ငရုပ်ဆီ၊ ပုန်းရည်ကြီး၊ ပဲပြား၊ မျှစ်ဝါချောင်း၊ ငရုပ်စိမ်းမှုန့်၊ ငရုပ်သီးခွဲခြမ်း၊ လက်ဖက်ခြောက်၊ ငပိထောင်း၊ မုန့်ဟင်းခါးဖတ်၊ မျှင်ငံပိတို့တွင် ဖော်မလင်နှင့် ခွင့်မပြုဆိုးဆေးများ ပါဝင်မှုရှိ/မရှိ စစ်ဆေးရန် ယူဆောင်သွားကြောင်း သိရသည်။

              ထို့နောက် ဆေးဆိုင်များအား ဆေးဆိုင်လိုင်စင်များရှိ/မရှိ စစ်ဆေးခြင်း၊ ဆေးဝါးများအား သက်တမ်းကျော်လွန်ခြင်းရှိ/မရှိ၊ FDA ထောက်ခံချက်ပါဝင်မှုရှိ/ မရှိနှင့် စပ်ဆေးများ ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ သက်တမ်းလွန် ဆေးဝါးများနှင့် FDA ထောက်ခံချက်မပါရှိသည့်ဆေးများအား ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)