Main menu

(Aung Real Estate )အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ  ဒေါ်အေးအေးမော်(စစ်ဆေးရေး အရာရှိ) နှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင် လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားမှု ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်း လိပ်စာမှန်ကန် မှု ရှိ/မရှိ ကို (၁၁.၆.၂၀၂၅) ရက်နေ့ ၊နံနက်(၀၉:၀၀)အချိန်တွင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း အမှတ်(၁၃၈)၊ ခေတ္တာလမ်း၊(၄၁)ဘလောက်၊ မြောက်ဒဂုံမြို့နယ်သို့ သွားရောက်၍  စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

            ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များမေးမြန်းခြင်း၊ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူအပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဉ်းသည့် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ အခန်း(၁၃)ရှိ  ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ပတ်သက်၍  အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)